Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Sunday, November 29, 2009

Windows 7 ultimate x86 -en

Windows 7 အဓိက သုံးမျိုးထွက်လာပါတယ်။ ကွာခြားချက်ကို နောက်မှ ပို့တစ်ခု ထပ်ရေးပါ့မယ်။ အခု (ဈေးနှုန်းနှင့် လုပ်ဆောင်မှု) အမြင့်ဆုံးဖြစ်တဲ့ Windows 7 professional Full Version ကို download ပေးပါ့မယ်။ Serial number နဲ့ ဖြစ်ပါတယ်။




Download From Mediafire folder (en_windows_7_ultimate_x86)

Download From ifile folder (en_windows_7_ultimate_x86)

Serial number အတွက်က နည်းနည်း shock ရှိတယ်။ သိတယ်ဟုတ် ... ဂူဂဲလ်က ရိုက်ရှာမရအောင် jpg အဖြစ် capture ရိုက်ပြထားတယ်။ အောက်ကလင့်ကို နှိပ်ပြီး ကိုယ့်ဘာသာ ကူးထားလိုက်တော့။

ဒီနေရာမှာ နှိပ်ပြီး ကြည့်ပါ

(နှစ်ခုပါတယ်။ ကြိုက်ရာ တစ်ခုသုံးပေါ့။ Install လုပ်စဉ် တောင်းတဲ့ အချိန် ထည့်ပေးလို့လည်းရသလို၊ တင်ပြီးမှာ change Activation key ကို နှိပ်ပြီး ပြောင်းလို့လည်းရပါတယ်။)
အဆင်မပြေတာရှိရင် ပြောနိုင်ပါတယ်။
source:သံလုံငယ်

iPhone ကိုယ်တိုင် Unlock လုပ်ခြင်း (မြန်မာ ebook)

အရင်ထဲက ကျနော် တစ်ခုပြီးတစ်ခု တင်ပေးခဲ့ပါတယ်။ Unlock လုပ်ဖို့အတွက်ပေါ့။ ဒါပေမယ့် မြန်မာလို မရေးနိုင်ခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ လက်တွေ့လုပ်ဖို့ မရှိလို့ပါ။ စာဖတ်ပြီးသက်သက်လည်း ရမ်းမရေးချင်ဘူးလေ။ အခုရေးထားတဲ့ pdf က မြန်မာလို ရေးထားတာဖြစ်ပြီး၊ ကျနော့် အစ်ကိုကြီး ကိုကိုရဲ ရဲ့ လက်ရာဖြစ်ပါတယ်။ သူ့ရဲ့ Knowledge Bridge Magazine အတွက်ရေးပြီး ကျနော့်ဆီ လှမ်းပို့ပေးတာပါ။ ကြာပါပြီ ... မတင်ဖြစ်လိုက်တာပါ။ သူ့ဘလော့လည်း မရှိတော့တဲ့အပြင် ကျနော်လည်း တင်ထားချင်တာကြောင့် အားလုံးအတွက် အဆင်ပြေအောင်တင်ထားပေးလိုက်ပါတယ်။



Download Mediafire (မြန်မာ ebook . Unlock iPhone)

Download ifile (မြန်မာ ebook . Unlock iPhone)

ဝင်းဒိုးကိုသုံးပြီး အလွယ်တကူ unlock လုပ်နိုင်ဖို့ ရှင်းလင်းစွာ ရေးထားတဲ့အတွက် တန်ဖိုးရှိပါတယ်။ iPhone ကိုယ်ပိုင်မရှိတာတောင် ဖတ်ကြည့်ပြီး တတ်ထားသင့်တဲ့ ပညာတစ်ခုပါ။ ဒါတွေ မရေးခဲ့ခင်က ရန်ကုန်မှာ unlock တစ်ခါလုပ်ရင် မြန်မာငွေ ရှစ်သောင်းခွဲ ပေးခဲ့ရပါတယ်။း)
source:သံလုံငယ်

တစ်နှစ်တခါရေးမိသော ကဗျာလေး..

ကသိကအောင့်

'အော်အီအီး အွတ်'ဆိုတဲ့ alarm လေးက
mobile မှ ထွတ်လာကာ နားထဲသို့ 
ကဆုန်ဝင်ကာ Gtalk ပေါ်က မျက်နှာလေးကို မြင်ယောင်…
ခြေလှမ်းများက သွက်လက်စွာ PC သို့ 
double click က Gtalk ပေါ်မှာ ထိထိမိမိ…
အစပြုလိုက်တဲ့ 'ဟိုင်း'က
တနေကုန်… 'ဟိုင်း'တော့တာပဲ
ပျော်ရင်းရွှင်ရင်းနဲ့  network connection time out က
စိတ်ကို တိခနဲ ဖြတ်ချလိုက်တယ်...။

အင်း...ဆိုတဲ့ သက်ပြင်းနဲ့ 
ရောက်သွားတဲ့  လက်လေးက guitar ပေါ်
စဆိုလိုက်တဲ့ သီချင်းလေးက
"Gtalk ပေါ်က ကောင်မလေး"တဲ့...။

Try again ကို နှိပ်ကာ
ပြန်ပေါ်လာတဲ့ သူ့ မျက်နှာလေးက
နှလုံးသားကို ပြန်ခေါ်ဆောင်ရင်း...
UPS က
'တီ' 'တီ'ဆိုတဲ့ အသံလေးကြောင့်
မသွားချင်တဲ့ shut down ကို ရောက်ခဲ့ရတယ်...။ ။

စံပီး

Saturday, November 28, 2009

Framework and Redistributable Package

အရင်တုန်းက Programming Language တွေမှာ Program တစ်ခုရေးပြီးရင် Binary code လို့ ခေါ်တဲ့ .exe ဖိုင် ထုတ်ပေး ပါတယ်။ အဲဒီ .exe ဖိုင်ကို ဘယ်ကွန်ပျူတာမှာပဲ run ကြည့်ကြည့် run လို့ ရပါတယ်။ အခုအချိန်မှာ ခေတ်စားနေတဲ့ .Net တို့ Java တို့ကတော့ အဲဒီလိုမဟုတ်ပါဘူး။ ဥပမာ C#.Net တို့ VB.Net တို့နဲ့ ရေးသားထားတဲ့ Program တွေဟာ ကွန်ပျူတာတိုင်းမှာ run လို့ မရပါဘူး။ အဲဒီ ကွန်ပျူတာမှာ .Net Framework ဆိုတာရှိမှ run နိုင်ပါတယ်။ Java ဆိုလည်း အဲဒီအတိုင်းပါပဲ။ JRE လို့ခေါ်တဲ့ Java Runtime Environment ရှိမှ Java Program တွေက run နိုင်ပါတယ်။

.Net Framework က Version 1.1, 2.0, 3.0 စသည်ဖြင့် ရှိကြပါတယ်။ Programmer တစ်ယောက်က .Net 2.0 Framework ကိုအခြေခံပြီး ရေးသားလိုက်တဲ့ Program တစ်ခုကို စာဖတ်သူက အသုံးပြုချင်ရင် စာဖတ်သူ ကွန်ပျူတာထဲမှာ .Net Framework 2.0 ရှိရပါမယ်။ 1.1 ရှိရုံနဲ့ မရပါဘူး။

အခုနောက်ပိုင်း Program တွေ တော်တော်များများဟာ .Net နဲ့ ရေးထားတာတွေ များပါတယ်။ ဒါကြောင့်မို့ စာဖတ်သူ ကွန်ပျူတာထဲမှာ .Net Framework ရှိမှ အဲဒီ Program တွေကို အသုံးပြုနိုင်မှာပါ။ (Control Panel ထဲက Add/Remove Programs ကိုဖွင့်ပြီး စစ်ဆေးနိုင်ပါတယ်) တချို့ Program တွေက Install လုပ်တဲ့အချိန်ကတည်းက .Net မရှိလို့ မရပါဘူးလို့ ပြောပါတယ်။ တချို့ကကျ ဘာမှ မပြောဘဲ တင်သွားတယ်။ သုံးကြည့်တော့ သုံးမရဘူး။ တချို့ကကျ .Net မရှိရင် .Net ကို သူ့အလိုလို install လုပ်သွားပါတယ်။ တချို့ကကျ .Net မရှိဘူး၊ တင်လိုက်ဦးဆိုပြီး ခိုင်းပါတယ်။ အဲဒီအချိန်မှာ ကိုယ့်ဆီမှာ .Net Installer မရှိရင် အဆင်ပြေမှာမဟုတ်ဘူး။ ကျွန်တော်တို့ဆို .Net ကို Version မျိုးစုံ ဆောင်ထားရပါတယ်။ JRE ကိုလည်း အဲဒီအတိုင်းပါပဲ။

Framework လိုမျိုး လိုအပ်တဲ့နောက်တစ်ခုက Redistributable Package ပါ။ ဥပမာ Program တစ်ခုက Database သုံးထားတယ်၊ SQL Server ကိုသုံးတယ် ဆိုပါစို့။ အဲဒီအခါမှာ စာဖတ်သူကွန်ပျူတာ SQL Server Package ရှိရပါလိမ့်မယ်။ Package ဟာ Application တွေက တောင်းတဲ့ Request ကို ဖြည့်ဆည်းပေးရုံလောက်ပဲ ရှိပြီး ကျွန်တော်တို့က သွားအသုံးပြုလို့မရပါဘူး။ စာဖတ်သူ Database တစ်ခု ဖန်တီးဖို့အတွက် SQL Package လေး ရှိရုံနဲ့ မရပါဘူး။

အဲဒီလိုမျိုးပါဘဲ။ Visual C++ Package တွေလိုမျိုးလည်း တချို့ Program တွေအတွက် လိုအပ်ပါတယ်။ ဒါကြောင့် Package တွေကိုလည်း ဆောင်ထားသင့်ပါတယ်။

နောက် DirectX တို့ Windows Installer တို့ကိုလည်း ဆောင်ထားရင် မမှားပါဘူး။ အဲဒီနှစ်ခုက Windows ထဲမှာ ပါပြီးသားဖြစ်ပေမယ့် Version မြင့်တာကို ဆောင်ဖို့ပြောတာပါ။ တစ်ချို့က ပြောပါတယ်။ PowerDVD တင်တာ DirectX မရှိလို့ တင်မရဘူးဖြစ်နေတယ်ဆိုပြီးတော့ပါ။ အမှန်က DirectX က Windows ထဲမှာ ပါပြီးသားပါ။ PowerDVD က Version မြင့်တာကို တောင်းတာပါ။ မှတ်မှတ်ရရ DirectX 9.0c ကို တောင်းပါတယ်။
source:IT Men

CD Drive ပျောက်နေခြင်း

ဒုတိယနည်းကို အရင်စမ်းပြီးမှ ပထမနည်းကို စမ်းကြည့်ပါ .

ပထမနည်း
(၁) Start >>> Run ကို သွားပြီး regedit ဆို ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ .
(၂) ပေါ်လာတဲ့ Box ကနေ HKEY local machine ထိပ်က မျှားပုံစံလေးကို နှိပ်လိုက်ပါ .
==> HKEY local machine >> System >> Current Control Set >>Control >>Class ကိုရွေးလိုက်ပါ
(၃) သူ့အောက်မှာ 4D36E965-E325-11CE-BFC1-08002BE10318 ဆိုတဲ့ နံပါတ်တွေကို လိုက်ရှာလိုက်ပြီး တစ်ခုချင်းစီကို လိုက်နှိပ်လိုက်ပါ လိုက်နှိပ်လိုက်တာနဲ့ ညာဖက် box မှာ "Upper Filter" and "Lower Filter" ဆိုတဲ့ entry တွေကို လိုက်ရှာပါ . တွေ့တာနဲ့ delete ပေးလိုက်ပါ . "Upper Filter" and "Lower Filter" တွေကို တစ်ခုပဲဖြစ်ဖြစ် နှစ်ခုပဲဖြစ်ဖြစ် တွေ့တဲ့ entry ကို ဖျက်ပြီးတာနဲ့ ကွန်ပျူတာကို restart ပေးလိုက်ပါ . ပြီးတာနဲ့ ကွန်ပျူတာ ပြန်ပွင့်လာရင် CD Drive ကို တွေ့ရပါလိမ့်မယ် .

နောက်တစ်ခုက
(၁) My computer ကို right click ထောက်လိုက်ပြီး properties သွားပါ
==> my computer >> right click >> hardware >> device manager >> DVD/CD Rom drives. ကို ကြည့်လိုက်ပါ . General မှာ This device is working properly. ဆိုရင်တော့ ကိစ္စမရှိပါဘူး . Drive အလုပ်လုပ်နေပါတယ် . disabled ဖြစ်နေလား မဖြစ်နေလား ကြည့်လိုက်ပါ . unabled ဖြစ်နေရင် disabled ပေးလိုက်ပါ .

Friday, November 27, 2009

iPhone နှင့် iPod တွင် ဇော်ဂျီမြန်မာစာစနစ် အသုံးပြုနိုင်ပြီး

iPhone, iPod Touch အသုံးပြုသူများ အနေဖြင့် ဇော်ဂျီလက်ကွက်နှင့် ဖောင့်များ ထည့်သွင်းအသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။ iPhone, iPod Touch အတွင်းသို့ ဇော်ဂျီလက်ကွက်နှင့်ဖောင့်များထည့်သွင်းရာတွင် ဖြစ်ပေါ်လာမည့်ပြဿနာများကို လုံးဝတာဝန်ယူမည်မဟုတ်ကြောင်းကို www.saturngod.net နည်းပညာဝက်ဘ်ဆိုက်တွင် တရားဝင်ဖော်ပြထားသည်။ ထို့အပြင် ဇော်ဂျီလက်ကွက်နှင့်ဖောင့်များထည့်သွင်းခြင်းကိုလည်း အဆင့်လိုက်ဖော်ပြထားသည်။ ဇော်ဂျီလက်ကွက်နှင့် ဖောင့်များထည့်သွင်းရန်အတွက် ဖုန်း၏ Operating Sytem (OS) မှာ အနိမ့်ဆုံး 3.0 ရှိရမည်ဖြစ်ပြီး Jailbreak လုပ်ထားရန်လိုကြောင်းသိရသည်။ ဇော်ဂျီလက်ကွက်နှင့်ဖောင့် Package ကို အွန်လိုင်းမှ သွင်းရမည်ဖြစ်သဖြင့် အင်တာနက်ကွန်ရက်ရှိရန်လိုအပ်သလို Cydia ဆော့ဖ်ဝဲကိုလည်း Install လုပ်ထားရန်လိုအပ်သည်။ iPhone, iPod Touch အတွင်းသို့ ဇော်ဂျီလက်ကွက်နှင့် ဖောင့်ထည့်သွင်းသူများအနေဖြင့် ပထမအဆင့် Cydia ကိုသွားရမည်ဖြစ်သည်။ ထို့နောက် Cydia ရှိ Manage အောက်မှ Source ကိုသွားရမည်ဖြစ်ပြီး Edit မှတဆင့် Add လုပ်ရမည်ဖြစ်သည်။ Address တွင် http://cydia.macforus.com ကို ရိုက်ထည့်လိုက်ပြီဆိုပါက လက်ကွက်နှင့် Font ပါဝင်သော Package များကို Reload လုပ်မည်ဖြစ်ပြီး ပြီးဆုံးသွားပါက Sections အောက်တွင် Zawgyi Sections ပါလာမည်ဖြစ်သည်။
Zawgyi Font သည် System Font များကို Hack ပြီး မြန်မာစာလုံးများကိုထည့်သွင်းခြင်းဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် Font သွင်းပြီးပါက Uninstall ပြန်လုပ်နိုင်မည်မဟုတ်ကြောင်း သိရသည်။ Uninstall  ပြန်လုပ် မည်ဆိုပါက itune မှ Restore ပြန်လုပ်ရမည်ဖြစ်သည်။ Zawgyi Font Package သည် Application များအားလုံးနီးပါးတွင် မြန်မာစာပေါ်စေရန် Font များကို ပြုပြင်ထားခြင်းဖြစ်ကြောင်း ၀က်ဘ်ဆိုက်တွင်ဖော်ပြထားသည်။ Zawgyi Keyboard ကိုသွင်းရာတွင် iKey Ex, Zawgyi Font နှင့်အခြားသော Dependencies များ အလိုအလျောက်သွင်းသွားမည်ဖြစ်သဖြင့် English စာတွင် Auto Correct မဖြစ်ခြင်း (3.1.2 တွင် Auto Correct အ လုပ်လုပ်ပါသည်။ သိပ်မသေချာသော်လည်း အများအားဖြင့်အလုပ်လုပ်) Keyboard အတက်နှေးခြင်း၊ အချို့သော OS 3.0 များတွင် Error တက်ခြင်း စသည့်ပြဿနာများကို ကြုံတွေ့ရမည်ဖြစ်သည်။ ထို့ကြောင့် OS3.1.2 Upgrade လုပ်ပြီးမှထည့်သွင်းခြင်းသည် ပိုမိုစိတ်ချရကြောင်းသိရသည်။ Zawgyi Keyboard သွင်းပြီးပါက iPhone, iPod Touch ကို Restart ချရမည်ဖြစ်သည်။ Keyboard ထည့်သွင်းနည်းအား ၀က်ဘ်ဆိုက်တွင် Flash Video ဖြင့်ဖော်ပြပေးထားပြီး Video အတွက် Connectoin အခက်အခဲရှိသူများအနေဖြင့် ပထမအဆင့် Setting ထဲမှ iKeyEx, iKeyEx မှ Mix and Match, Mix and Match မှ Make ကိုသွားရမည်ဖြစ်သည်။ ထို့နောက် Layout ကို Zawgyi ရွေးရမည်ဖြစ်ပြီး Name အား Zawgyi ဟုပေးရမည်။ နာမည်ပေးပြီးပါက Mix and Match မှ iKeyEx, iKeyEx မှ Keyboard သို့ ပြန်သွားရမည်ဖြစ်သည်။ Keyboards သို့သွားပြီး Zawgyi  ဘေးနားရှိ (+) ကိုနှိပ်ပြီးပါက Keyboard Layout သွင်းခြင်းပြီးမြောက်သွားပြီဖြစ်သည်။ Keyboard ပြောင်းချင်ပါက ကမ္ဘာလုံးပုံလေးကိုနှိပ်ကာ ပြောင်းလဲနိုင်ကြောင်း ၀က်ဘ်ဆိုက်တွင်ဖော်ပြထားသည်။ Zawgyi Keyboard အသစ်ထွက်ခဲ့သောကြောင့် Upgrade လုပ်လိုပါက Cydia သို့သွားပြီး Changes ကိုနှိပ်ရမည်ဖြစ်သည်။ ထို့နောက် Refresh ကိုနှိပ်လိုက်ပါက Upgrade ပေါ်လာမည်ဖြစ်သည်။ Upgrade ပေါ်လာပါက Upgrade လုပ်နိုင်ပြီဖြစ်သည်။ Upgrade လုပ်ဆောင်ပြီးပါက Setting ထဲမှ iKeyEx, iKeyEx မှ Keyboards, Keyboard မှ Zawgyi ကို icon နှိပ်ရမည်ဖြစ်သည်။ ထို့နောက် iKeyEx မှ Settings ကို ပြန်သွားရမည်ဖြစ်သည်။ Settings ကို ပြန်သွားပြီးပါက Mix and Match မှ Zawgyi ကို Delete နှိပ်ရမည်ဖြစ်သည်။ Delete နှိပ်ပြီးပါက Mix and Match မှ Zawgyi Keyboard အား အပေါ်တွင်ပြခဲ့သော Video အတိုင်း ပြန်လည်ထည့်သွင်း နိုင်မည်ဖြစ်သည်။

Setting ထဲမှ General , General ထဲမှ Keyboard, Keyboard မှ Auto-Capitalization ကို Off လုပ်ထားပါက မြန်မာစာရိုက်ရာတွင် ပို၍အဆင်ပြေကြောင်းသိရသည်။
source:mminternetjournal

Xilisoft AVI To DVD Converter 3.0.34 + Serial

Xilisoft AVI To DVD Converter ကတော့ စက်တော်တော်များ များနှင့် ကိုက်ညီမှုရှိတဲ့ DVD အခွေတစ်ခွေ ဖြစ်အောင် convert လုပ်ပေးပါတယ် . Nero နဲ့ DVD တစ်ခွေဖြစ်အောင် လုပ်ရတာ လွယ်ကူတယ် ဆိုပေမယ့် တစ်ခါတစ်လေမှာ တစ်ချို့ စက်တွေနဲ့ ကိုက်ညီမှုမရှိတာတို့ ဖွင့်မရတာတို့မျိုး ကြုံဖူးမှာပါ . Xilisoft AVI To DVD Converter ကတော့ စက်တော်တော်များများ နဲ့ စမ်းကြည့်တာတော့ အကုန်အိုကေပါတယ် . ပြီးတော့ အရည်အသွေးကောင်းပြီး ပုံထွက်လဲအတော်ကြည်ပါတယ် . သူပြောင်းပေးနိုင်တာကတော့ AVI, DivX, MPEG စတဲ့ format တွေကို DVD အခွေအဖြစ် ပြောင်းပေးနိုင်ပါတယ် . NTSC or PAL နှစ်မျိုးစလုံးနှင့် အဆင်ပြေပါတယ် . ကဲ လိုချင်ရင်တော့ အောက်မှာ Download လုပ်ယူနိုင်ပါတယ် .


Download mediafireDownload multiupload
source:ညီနေမင်း

Thursday, November 26, 2009

ကလိမှုများ












Nokia theme များ စုပေါင်းစပ်ပေါင်း

Nokia serials များ အားလုံးကို ပေါင်းပြီးတော့ တင်ပေးလိုက်ပါတယ် . serials များကို မခွဲတော့ပါဘူး . 7 ဖိုင်ခွဲပြီးတော့ တင်ပေးလိုက်ပါတယ် . တစ်ဖိုင်ချင်းစီဒေါင်းပြီး တစ်ပိုင်းချင်စီဖြေလဲ ရပါတယ် . မပေါင်းထား ပါဘူး . ဖြေလိုက်ရင် 7 ဖိုင်ရပါလိမ့်မယ် .


အောက်မှာ Download လုပ်ပါ .
ဒီဇိုင်း (1) >> Download mediafire
ဒီဇိုင်း (2) >> Download mediafire
ဒီဇိုင်း (3) >> Download mediafire
ဒီဇိုင်း (4) >> Download mediafire
ဒီဇိုင်း (5) >> Download mediafire
ဒီဇိုင်း (6) >> Download mediafire
ဒီဇိုင်း (7) >> Download mediafire 
source:ညီနေမင်း

CD ကူးထားပြီးသား အခွေတစ်ခွေကို ထပ်ပြီးတော့ data တွေ ဘယ်လိုထပ်ထည့်ပြီး burn မလဲ .

Nero burning room နဲ့ ကူးပြလိုက်ပါတယ် . ဦးဇင်း ကူးမည့် အခွေဟာ ပထမအကြိမ် ကူးတဲ့အခါမှာ start multisession disc နဲ့ စပြီးတော့ ကူးရမှာဖြစ်ပါတယ် . ဒုတိယအကြိမ် ကူးတဲ့အခါမှာတော့ continue multisession Disc ကို ရွေးပေးရမှာပါ . တပည့်တော် movie နဲ့ ရှင်းပြပေးထား ပါတယ် . သဘော ပေါက်မယ်လို့ မျှော်လင့်ပါတယ် . ဓါတ်ပုံတွေနဲ့ မရှင်းပြတာက တပည့်တော်မှာ အချိန် မလောက်တာက တစ်ကြောင်းနှင့်၊ နားမလည်မှာ စိုးတာက တစ်ကြောင်းကြောင့် လက်တွေ့ အခွေတစ်ခွေကို ကူးပြလိုက်ပါတယ် .

Movie ရှင်းပြချက် Download
Download multiuploadDownload mediafire
source:ညီနေမင်း

Wednesday, November 25, 2009

မိမိနှစ်သက်ရာပုံကို FavIcon အဖြစ် ပြောင်းချင်ရင်

ကျနော်တစ်ခါမှ ဘလော့ အတွက် နည်းပညာတွေ မရေးခဲ့ပါဘူး ..။ ဘလော့ထဲ ၀င်တာနောက်ကျလို့ပါ .. ။ သူများတွေ ရေးပြီးလောက်ပြီလည်း ထင်လို့လေ ။ ပြီးတော့ အင်္ဂလိပ်လို ရေးထားတဲ့ ဘလော့ တွေလည်းလူတိုင်း သိနေတာပဲ လေ .။ အခုတော့ တစ်ခုလောက်ရေးလိုက်ဦးမယ်ဗျာ ..။ တစ်ခြား လုပ်စရာတွေ အတွက် လည်း icon လုပ်နည်း ရေးပြချင်တာတွေ ရှိလို့ လမ်းကြုံရေးလိုက်ပါတယ် .. ။ မိမိဘလော့ ရဲ့ Tab view နဲ့ Address bar တွေမှာ ပေါ်နေတဲ့ icon ကို မိမိစိတ်ကြိုက်ပုံ ပြောင်းနိုင်အောင်ပါ .. ။

Image Hosting by Picoodle.com
Image Hosting by Picoodle.com

မိမိ အသုံးပြုချင်တဲ့ပုံကို 32 x 32 pixels ရအောင် ချုံ့ပေးပါ။ Crop လုပ်ပြီး ချုံ့ရာမှာ ကျနော်ကတော့ MS office မှာပါတဲ့ MS Picture Manager ကို အကြိုက်ဆုံးပါပဲ ..။ Microsoft Office မရှိသေးရင် အောက်မှာ ယူလိုက်ပါ .. ။


Microsoft Office 2003
Image Hosting by Picoodle.com

ပုံကို ဖြတ်ပြီးပြီဆိုရင် R-Click လုပ်ပြီး Open With မှာ Paint နဲ့ ဖွင့်လိုက်ပါ။

Image Hosting by Picoodle.com

ပြီးရင် File - Save as ကို နိုပ်ပါ ။ ဖိုင်နာမည်ကို ကြိုက်ရာပေးပြီး .ico လို့ ထည့်ပေးပါ။ (ဥပမာ.. filename.ico ) File type ကို 24bmp နဲ့ save လိုက်ပါ။

Photobucket

save လိုက်တဲ့ နေရာမှာ icon အဖြစ် မြင်ရပါပြီ။ ပုံ size ကို သေချာကြည့်ပေးပါ။ 32 x 32 pixels သေချာလား ဆိုတာကို .. ။
Photobucket
တကယ်လို့ 32 x 32 px မတိကျ ဘူးဆိုရင် paint နဲ့ ဖွင့်တုန်းမှာ ဒီတစ်ဆင့်ကို လုပ်ပေးပါ။ ( paint နဲ့ ဖွင့်ပြီး Image - Attributes ကို နိုပ်ပြီး အောက်မှာ မြင်ရတဲ့ အတိုင်းဖြည့်ပေးပါ။ )

Photobucket

32 x 32 px နဲ့ ရလာတဲ့ icon ကို Hosting တစ်ခုခုမှာ တင်ပါတယ်။ ကျနော်ကတော့
www.page.google.com မှာပဲ တင်လိုက်ပါတယ်။
မိမိတင်လိုက်တဲ့ icon link နေရာလေးကို R-Click လုပ်ပြီး Copy link location ကို နိုပ်ပါတယ်။

Photobucket

အောက်က အနီရောင် စာသား နေရာမှာ ကူးလာတဲ့ လင့်လေး အစားထည့်ပါတယ်။



ပြီးရင် အဲဒီစာကြောင်းလေးကူးပြီး Layout - Edit HTML မှာ ဆိုတာ ရှာပါ။ ရဲ့ အပေါ်မှာ ထည့်ပေးပါ။ save လိုက်တာနဲ့ ပေါ်လာပါပြီ..။

ဒီ icon လေး ပြောင်းတာကလည်း တော်တော် လွယ်ပါတယ်။ Ctrl+U နိုပ်ပြီး View Page Source ကြည့်တာနဲ့ တတ်တဲ့ ဟာလေးတွေပါ။ ဒီပို့ မှာ code လေးတွေ ရေးနိုင်ဖို့ တောင် ကျနော့် အစ်ကို ကိုကိုရဲ ကို တော်တော် ချော့မော့ပြီးမေးလိုက်ရတယ် ။ ကို့ဟာကို သိအောင်ရှာဖတ် ပြောဘူးတဲ့။ :P
အကြိမ်ပေါင်းများစွာ ကူညီပေးတဲ့ ကျနော့် အစ်ကို ကိုကိုရဲ ကို အထူးကျေးဇူးတင်ပါတယ် ဗျာ .. ။

source:သံလုံငယ်

Cell phone:Mobile spy Software

I have already mentioned about various spy softwares to hack email passwords. Now, I am informing you how to spy on mobile phone using Cell Phone spy software. Cell phone spy software is used efficiently to spy mobile phones and record mobile phone activities. Just download Cell phone spy software and it will start spying on mobile phone.
Cell phone spy software

Cell phone spy to spy mobile phone:


Mobile Spy is one of the best cell phone spy software which can record all activities of cell phone. This cell phone spy software allows you to monitor activities online in real time. Mobile spy records all activities in secure online mobile spy account which you are able to access using granted username and password.

This cell phone spy software records following activities:

1. Calls Log:


All incoming and outgoing calls and their duration alongwith their timestamp is recorded by this Cell phone spy software. Logs include:
  • Number Dialed
  • Call Date / Time
  • Number of Caller
  • Call Direction

2. SMS Log:


All text message on cell phone are logged and recorded. Logs include:
  • Sender's Number
  • SMS Date / Time
  • Recipient's Number
  • Message Text

3. GPS Location Log:


You are able to determine current location of cell phone using this feature of cell phone spy software. It records frequently (after every 30 minutes) current location of cell phone using GPS feature.

4. Web Site URLs log:


This is very efficient for cell phone spying. It records all websites visited by cell phone user. But, this feature is available only for iPhones.

5. Invisible mode:


This cell phone spy software runs itself in background without any knowledge of cell phone user. So, this invisible mode is very useful to avoid victim doubt.

Smartphone Requirements


Any compatible BlackBerry, iPhone, Android, Windows Mobile
or Symbian OS based smartphone including many models by Apple, Samsung, Nokia, Motorola, HTC, more.

Download Cell phone spy software - Mobile spy.

Tuesday, November 24, 2009

Framework and Redistributable Package

အရင်တုန်းက Programming Language တွေမှာ Program တစ်ခုရေးပြီးရင် Binary code လို့ ခေါ်တဲ့ .exe ဖိုင် ထုတ်ပေး ပါတယ်။ အဲဒီ .exe ဖိုင်ကို ဘယ်ကွန်ပျူတာမှာပဲ run ကြည့်ကြည့် run လို့ ရပါတယ်။ အခုအချိန်မှာ ခေတ်စားနေတဲ့ .Net တို့ Java တို့ကတော့ အဲဒီလိုမဟုတ်ပါဘူး။ ဥပမာ C#.Net တို့ VB.Net တို့နဲ့ ရေးသားထားတဲ့ Program တွေဟာ ကွန်ပျူတာတိုင်းမှာ run လို့ မရပါဘူး။ အဲဒီ ကွန်ပျူတာမှာ .Net Framework ဆိုတာရှိမှ run နိုင်ပါတယ်။ Java ဆိုလည်း အဲဒီအတိုင်းပါပဲ။ JRE လို့ခေါ်တဲ့ Java Runtime Environment ရှိမှ Java Program တွေက run နိုင်ပါတယ်။

.Net Framework က Version 1.1, 2.0, 3.0 စသည်ဖြင့် ရှိကြပါတယ်။ Programmer တစ်ယောက်က .Net 2.0 Framework ကိုအခြေခံပြီး ရေးသားလိုက်တဲ့ Program တစ်ခုကို စာဖတ်သူက အသုံးပြုချင်ရင် စာဖတ်သူ ကွန်ပျူတာထဲမှာ .Net Framework 2.0 ရှိရပါမယ်။ 1.1 ရှိရုံနဲ့ မရပါဘူး။

အခုနောက်ပိုင်း Program တွေ တော်တော်များများဟာ .Net နဲ့ ရေးထားတာတွေ များပါတယ်။ ဒါကြောင့်မို့ စာဖတ်သူ ကွန်ပျူတာထဲမှာ .Net Framework ရှိမှ အဲဒီ Program တွေကို အသုံးပြုနိုင်မှာပါ။ (Control Panel ထဲက Add/Remove Programs ကိုဖွင့်ပြီး စစ်ဆေးနိုင်ပါတယ်) တချို့ Program တွေက Install လုပ်တဲ့အချိန်ကတည်းက .Net မရှိလို့ မရပါဘူးလို့ ပြောပါတယ်။ တချို့ကကျ ဘာမှ မပြောဘဲ တင်သွားတယ်။ သုံးကြည့်တော့ သုံးမရဘူး။ တချို့ကကျ .Net မရှိရင် .Net ကို သူ့အလိုလို install လုပ်သွားပါတယ်။ တချို့ကကျ .Net မရှိဘူး၊ တင်လိုက်ဦးဆိုပြီး ခိုင်းပါတယ်။ အဲဒီအချိန်မှာ ကိုယ့်ဆီမှာ .Net Installer မရှိရင် အဆင်ပြေမှာမဟုတ်ဘူး။ ကျွန်တော်တို့ဆို .Net ကို Version မျိုးစုံ ဆောင်ထားရပါတယ်။ JRE ကိုလည်း အဲဒီအတိုင်းပါပဲ။

Framework လိုမျိုး လိုအပ်တဲ့နောက်တစ်ခုက Redistributable Package ပါ။ ဥပမာ Program တစ်ခုက Database သုံးထားတယ်၊ SQL Server ကိုသုံးတယ် ဆိုပါစို့။ အဲဒီအခါမှာ စာဖတ်သူကွန်ပျူတာ SQL Server Package ရှိရပါလိမ့်မယ်။ Package ဟာ Application တွေက တောင်းတဲ့ Request ကို ဖြည့်ဆည်းပေးရုံလောက်ပဲ ရှိပြီး ကျွန်တော်တို့က သွားအသုံးပြုလို့မရပါဘူး။ စာဖတ်သူ Database တစ်ခု ဖန်တီးဖို့အတွက် SQL Package လေး ရှိရုံနဲ့ မရပါဘူး။

အဲဒီလိုမျိုးပါဘဲ။ Visual C++ Package တွေလိုမျိုးလည်း တချို့ Program တွေအတွက် လိုအပ်ပါတယ်။ ဒါကြောင့် Package တွေကိုလည်း ဆောင်ထားသင့်ပါတယ်။

နောက် DirectX တို့ Windows Installer တို့ကိုလည်း ဆောင်ထားရင် မမှားပါဘူး။ အဲဒီနှစ်ခုက Windows ထဲမှာ ပါပြီးသားဖြစ်ပေမယ့် Version မြင့်တာကို ဆောင်ဖို့ပြောတာပါ။ တစ်ချို့က ပြောပါတယ်။ PowerDVD တင်တာ DirectX မရှိလို့ တင်မရဘူးဖြစ်နေတယ်ဆိုပြီးတော့ပါ။ အမှန်က DirectX က Windows ထဲမှာ ပါပြီးသားပါ။ PowerDVD က Version မြင့်တာကို တောင်းတာပါ။ မှတ်မှတ်ရရ DirectX 9.0c ကို တောင်းပါတယ်။
source:IT Men

NOSTRADAMUS 2012

ဒါကတော့ ကမ္ဘာကြီးဟာ 2012 မှာ ပျက်မယ်ဆိုပြီး ပျက်နိုင်မယ့် ခန့်မှန်းချက် နှင့် ဖြစ်နိုင်ခြေတွေကို ထောက်ပြထားတယ်၊ ပြီးတော့ အရင်တစ်ကြိမ်က ဖြစ်ပျက်ခဲ့တဲ့ မှတ်တမ်းတွေနဲ့ နှိုင်းယှဉ်ပြီးတော့ ကောက်ချက် ဆွဲထားတဲ့ Moive ပါပဲ . မကြည့်ရသေးတဲ့ သူများအတွက် တင်ပေး လိုက်ပါတယ် . ယုံကြည်မှုမရှိဘူးလို့ ပြောနေကြပေမယ့် . ရောင်းအားကတော့ အတော် ကောင်းတယ်လို့ ဆိုထားပါတယ် . အဟဟ .. ကောက်ချက်ဆွဲ တဲ့သူတွေနဲ့ သုံးသပ်သူတွေဟာ ဘယ်သူလဲ ဘာလို့ သုံးသပ်ရတာလဲ . ဖြစ်နိုင်တယ် မဖြစ်နိုင်ဘူး ဆိုတာကို ကျွန်တော်တို့လဲ တွေးလို့ရပါတယ် . အခုသုံးသပ်တဲ့ သူတွေဟာ ကမ္ဘာကြီးကို အချိန်ရှိတိုင်း သုံးသပ်နေ၊ လေ့လာနေတဲ့ ပညာရှင်တွေ လဲပါပါတယ် . ဖြစ်နိုင်တယ် မဖြစ်နိုင်ဘူးဆိုတာတော့ ကျွန်တော်တို့ဟာ အဲ့ဒီ့အကြောင်းအရာကို ခုခံငြင်းဖို့အတွက် လိုအပ်နေပါသေးတယ် . သူများတွေသုံးသပ် ထားတဲ့ အထောက်အထား တွေကိုပဲ ကြည့်လိုက်ကြည့်ပါ . ကြည့်ချင်တဲ့သူများ အောက်မှာ Download လုပ်လိုက်ကြပါ . 300 MB ပဲ ရှိပါတယ် .


Download Rapidshare >> Part(1)Part(2)

Download megaupload
source:ညီနေမင်း

Monday, November 23, 2009

Network မှတစ်ဆင့် Windows တင်ခြင်း

အောက်ပါပို့စ်သည် Networking နှင့် Windows Server 03 ကို အကျွမ်းတ၀င်ရှိသော Technician များ အတွက်သာ ဖြစ်ပါသည်။ စာရေးသူက မိမိအတွေ့အကြုံကို ပြောပြသည့်သဘောသာဖြစ်ပြီး How to မဟုတ်ပါ၊ Step by Step မဟုတ်ပါ။ Server 2k3 လေ့လာနေသော စာဖတ်သူများ တစ်ချိန်ချိန် အသုံးတည့်လိုတည့်ငြားဆိုသည့် ရည်ရွယ်ချက်ဖြင့် ဖော်ပြခြင်း ဖြစ်ပါသည်။

သူငယ်ချင်းတစ်ယောက်က သူ့ Laptop လေး OS တင်လို့မရလို့ဆိုပြီး ကျွန်တော့်ဆီ သယ်လာတယ်။ ဘယ်လို ဖြစ်တာလဲလို့ မေးကြည့်တော့ Internel Drive က ပျက်သွားတယ်တဲ့။ အဲဒါကြောင့် External USB DVD Drive နဲ့ Boot တက်တာ ဘယ်လိုမှတက်လို့မရဘူးလို့ ပြောပါတယ်။ သူ့ Laptop က Dell Latitude လေးဆိုတော့ BIOS က နိမ့်တယ်လေ။ USB ကနေ Boot မလုပ်နိုင်ဘူး။

သူက ဘယ်လိုလုပ်ရင် ကောင်းမလဲလို့မေးပါတယ်။ စဉ်းစားကြည့်တဲ့အခါမှာ Windows က External Drive နဲ့လည်း တင်လို့မရဘူး။ Memory Stick နဲ့လည်း တင်လို့မရဘူးဆိုတော့ နည်းတစ်ခုကို ကျွန်တော် သွားသတိရပါတယ်။ MCSE Windows XP စာအုပ်ကြီး ဖတ်ခဲ့တုန်းက အဲဒီစာအုပ်ထဲမှာပါတဲ့ Network ကနေ Windows တင်တာကိုပါ။ ကျွန်တော်လည်း ဖတ်တာဖတ်ဖူးတာ။ တစ်ခါမှ မစမ်းဖူးဘူး။ အဲဒါနဲ့ သူ့ကို ကဲ ငါတို့ Network ကနေ မင်း Laptop ကို Windows လှမ်းတင်ရအောင်လို့ပြောပြီး စလုပ်ကြည့်ပါတယ်။

ကျွန်တော့် Desktop PC လေးမှာက Windows Server 2003 တင်ထားတာဆိုတော့ တစ်ခုတော့ အဆင်ပြေသွားပါတယ်။ သူ့ Laptop ကို Network ကနေ Boot လုပ်နိုင်၊မလုပ်နိုင် (PXE ROM ပါမပါ) စစ်ဆေးကြည့်တဲ့အခါမှာလည်း Network ကနေ Boot လုပ်နိုင်တာကို တွေ့ရပါတယ်။

ကျွန်တော့် Server ကို အရင် Configuration လုပ်ပါတယ်။ အခုလို Network ကနေ Windows တင်တာကို RIS (Remote Installation Service) လို့ သုံးနှုန်းပါတယ်။ ကျွန်တော်လည်း အဲဒါကိုပဲ ကြားဖူးပါတယ်။ RIS ကို ဘယ်လိုလုပ်ရမှန်း မသိဘူးလေ။ အဲဒါနဲ့ Help and Support ကိုဖွင့်ပြီး RIS လို့ ရိုက်ထည့်ရှာတယ်။ ပြီးတော့ ထွက်လာတဲ့ Result တွေကို ဖတ်ပြီး စလုပ်ကြည့်ပါတယ်။

ကျွန်တော်လုပ်လိုက်တဲ့ Configuration မှာ ပထမဆုံး Windows Server 2003 မှာ Role တွေ တင်ပါတယ်။ DHCP ရယ်၊ DNS ရယ်၊ AD ရယ်ပါ။ DHCP role တင်တဲ့အခါမှာ Gateway IP မထည့်ခဲ့ပါဘူး။ Role တွေတင်ပြီးတဲ့အခါမှာ Control Panel ထဲမှာပါတဲ့ Add/Remove Programs ထဲက Add/Remove Windows Component ကိုသုံးပြီး RIS ကို install လုပ်ပါတယ်။ install လုပ်လိုက်တဲ့အခါမှာ RIS Install Wizard ဟာ All Programs ထဲက Administrative Tools ထဲကို ရောက်သွားပါတယ်။ Drive ထဲမှာ Windows XP ခွေထည့်ပြီး အဲဒီ Wizard လေးနဲ့ Image ရိုက်ပါတယ်။ ၁၀ မိနစ်လောက်ကြာပါတယ်။

Server Configuration ကို အဲဒီလောက်နဲ့အဆုံးသတ်လိုက်ပါတယ်။ ပြီးတော့ Laptop နဲ့ Server နဲ့ကို Switch နဲ့ Network ချိတ်ပါတယ်။ (Direct မဟုတ်ပါ) Laptop ရဲ့ Boot Sequence ထဲမှာ Network Boot ကို First ထားပါတယ်။ ပြီးတော့ Boot လုပ်ကြည့်ပါတယ်။ IP ပဲရပြီး Boot မလုပ်နိုင်ပါဘူး။ အဲဒါနဲ့ Server ရဲ့ Help ကိုဖွင့်ပြီး ထပ်ရှာကြည့်တဲ့ခါမှာ Configuration တစ်ခုကျန်တာကို တွေ့ရပါတယ်။ ဘာကျန်လဲဆိုတော့ AD Users and Computers ထဲမှာ Server က Windows တင်ပေးရမယ့် Computer ကို ထည့်ပေးဖို့ လိုပါတယ်။ အဲဒါနဲ့ Computer ထည့်ပါတယ်။ ထူးဆန်းတာက ကွန်ပျူတာထည့်တဲ့အခါမှာ Computer Name မတောင်းဘဲ GUID တောင်းတာပါ။ အဲဒီ GUID ကို ဘယ်ကယူရမယ်မှန်းမသိဘဲ ဖြစ်နေခဲ့ပါတယ်။ ဒါနဲ့ Laptop ကို ဖွင့်ကြည့်တဲ့အခါမှာ သူက Network boot လုပ်နေတဲ့အခါမှာ GUID ဆိုပြီး ပြပါတယ်။ (GUID က Serial Number တွေနဲ့တူပါတယ်။ GUID တွေဟာ တကမ္ဘာလုံးအတိုင်းအတာနဲ့တောင် တစ်ခုနဲ့တစ်ခု မထပ်ဘူးလို့ Ebook တစ်ခုမှာ ဖတ်ခဲ့ဖူးတယ်။ Hardward ပစ္စည်းတွေမှာလည်း GUID သုံးသလို စာဖတ်သူ ကွန်ပျူတာထဲမှာ ရှိနေတဲ့ Program တွေမှာလည်း GUID ကိုယ်စီရှိပါတယ်။)

အဲဒါနဲ့ Laptop ရဲ့ GUID ကို Server မှာ ထည့်ပေးလိုက်ပါတယ်။ ပြီးတော့ ရလောက်ပြီ အထင်နဲ့ Laptop ကို Network ကနေ Boot လုပ်ခိုင်းပါတယ်။ အဲဒီအခါမှာ Error က ဘယ်လိုတက်သလဲဆိုတော့ No Boot File Found ဆိုပြီး တက်ပါတယ်။ အဲဒါနဲ့ DHCP ထိုင်တိုင်း Boot File ဆိုတာလေးကို တွေ့ဖူးသလိုလိုရှိတာကို မှတ်မိပြီး Server စက်ရဲ့ DHCP ထဲ မွှေကြည့်တဲ့အခါမှာ Boot File ဆိုတာလေးကို တွေ့ပါတယ်။ သူ့ကို အမှန်ခြစ်လေးခြစ်ပြီး Value တစ်ခု ထည့်ပေးလိုက်ပါတယ်။ သူက String value မို့ xp ဆိုပြီး ပေးကြည့်ပါတယ်။

Laptop ကနေ Boot လုပ်လိုက်ပါပြီ။ ဟော အပြာရောင် Screen ကြီးနဲ့ Windows Setup ကြီး ပေါ်လာတဲ့အခါ မှာတော့ ကျွန်တော်တို့နှစ်ယောက် ထခုန်မတတ် ၀မ်းသာသွားခဲ့ကြပါကြောင်း....
source:IT Men